အလင်းတန်းဂျာနယ်၊ အမှတ်စဉ် ၇၀၀၊ စာမျက်နှာ ၁၈ မှ
တက္ကသိုလ်ဝင်တန်း
စာမေးပွဲပြီးတဲ့ အချိန်ကာလမှာ Bo Bo Entertainment ကနေ Hip Hop ပွဲ တပွဲ
ကျင်းပခဲ့ပါတယ်။ ဖျော်ဖြေပွဲကို ၂၀၁၂ မတ်လ ၂၅ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့
ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ပြုလုပ်ခဲ့ပါတယ်။ Hip Hop
ဖျော်ဖြေပွဲဖြစ်တာရော စာမေးပွဲ အပြီးကာလမှာ ကျင်းပတာကြောင့်
မျှော်စင်ကျွန်းမှာ လူငယ် ပရိသတ်များစွာ ရှိနေခဲ့တာပါ။ ဖျော်ဖြေပွဲမှာ
အပိုင်း နှစ်ပိုင်းခွဲပြီး တင်ဆက်ခဲ့ကြပါတယ်။ G 3 ၊ SZ ၊ စိုးကြီး၊ မိစန္ဒီ၊
G – Family တို့က ပရိသတ်အကြိုက် ဟစ်ဟော့ သီချင်းများနဲ့ ဖျော်ဖြေတာပါ။ G –
Family မှာ Snare ၊ Nine One ၊ One Way ၊ Hip 2 စတဲ့ အဖွဲ့များ
ပါဝင်တာကြောင့် ဒီအဖွဲ့တွေရဲ့သီဆိုမှုများ ပါဝင်ခဲ့ပါတယ်။ စန္ဒီမြင့်လွင်က
ယူရေနီယမ် အက် အဖွဲ့နဲ့ လိုက်လျောညီထွေစွာ ဖျော်ဖြေခဲ့သလို ဆိုတေးကလည်း
မီးအိမ်ရှင်၊ ဟုတ်ရဲ့လား အပါအ၀င် မိန်းကလေး ပရိသတ်တွေ အကြိုက်
သီချင်းများနဲ့ ဖျော်ဖြေပေးခဲ့ပါတယ်။ ဖျော်ဖြေပွဲတွေမှာ တွေ့ရခဲ့တဲ့ Rock
Star အဖွဲ့ရဲ့ ဖျော်ဖြေမှုကိုတော့ ပရိသတ်တွေ အားရခဲ့ပါတယ်။ Rock Star
အဖွဲ့ဝင်တွေဖြစ်တဲ့ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ လွမ်းပိုင်၊ Bobby Soxer
တို့ကလည်း သီချင်းများနဲ့ ဖျော်ဖြေပေးခဲ့တာကြောင့် ပရိသတ်များ
နှစ်သက်ခဲ့ပါတယ်။ လူငယ်ပရိသတ်တွေ တောင့်တတဲ့ ဂျေမီကလည်း ပထမပိုင်းမှာ
ဘ၀ရဲ့နိဗ္ဗာန် ထဲက သီချင်းတွေနဲ့ ဖျော်ဖြေပေးခဲ့ပါတယ်။
စိုင်းစိုင်းခမ်းလှိုင်က Snare အဖွဲ့ရဲ့ ဖျော်ဖြေမှုနဲ့ ဆက်ပြီး
စင်ပေါ်တက်ခဲ့တာပါ။ စိုင်းစိုင်းခမ်းလှိုင်က ဂျွန်၊ Bunny Phyoe တို့နဲ့
ဆက်ပြီး ဖျော်ဖြေပေးခဲ့ပါတယ်။ လူငယ်တွေ နှစ်သက် သဘောကျတဲ့ Hip Hop
ဖျော်ဖြေပွဲဖြစ်ပေမယ့် ခိုက်ရန်ဖြစ်ပွားမှု မရှိခဲ့ပါဘူး။ ကိုယ် နှစ်သက်တဲ့
အဆိုတော်တွေကို အမှတ်တရ လက်ဆောင်တွေ ပေးရင်း ပျော်ရွှင်စွာ
ဖြတ်သန်းခဲ့ကြပါတယ်။ အဲဒီနေ့က ဖျော်ဖြေပွဲကို High Class ရေသန့်က
ပံ့ပိုးပေးခဲ့တာပါ။ Bo Bo Entertainment က မတ်လ ၂၇ ရက်နေ့မှာ ထွက်တဲ့
ချီးယားစ် စီးရီးနဲ့ ပတ်သက်တာများကိုလည်း ပါဝင်တဲ့ အဆိုရှင်များက
ကြေညာပေးခဲ့ကြပါတယ်။


No comments:
Post a Comment