Photobucketကျွန်တော့်ဘလော့မှတင်ပြီးသမျှကြည့်ရန်နှိပ်ပါ»» Blogger Widgets

မောင်မောင်တိုး(တောင်ကြီး-အေးသာယာ)

Saturday, January 12, 2013

*****အဆိုတော် လီဝိန်း*****


ရက်ပါ အဆိုတော် လီဝိန်းဟာ လက်နက်ပိုင်ဆိုင်မှုနဲ့ထောင်ဒဏ် တစ်နှစ် ကျခံ နေစဉ်မှာ သူ့ရဲ့ပရိသတ်နဲ့ အဆက်အသွယ် မပြတ် ရအောင် သူ့ရဲ့ ၀က်ဘ်ဆိုက်ကို ထောင်ထဲကနေ လွှင့်တင်ပေးခဲ့ပါတယ်။
ဝိန်းဟာ Riker ကျွန်းမှာတည်ရှိတဲ့အဆင့်မြင့်လုံခြုံရေးရှိရာ နယူးယော့ခ် အကျဉ်းထောင် မှာ ပြီးခဲ့တဲ့လကတည်းက ပြစ်ဒဏ်ကျခံနေပြီး သူ့ရဲ့ Weezy ThanxYou. com မှာ ပရိသတ်တွေဆီ ပြန်ကြားချက်တွေနဲ့ ထောင်ထဲကသူ့ရဲ့နောက် ဆုံးအခြေအနေတွေကို ဖော်ပြပေးထား ပါတယ်။
ဝက်ဘ်ဆိုက်ကိုပြီးခဲ့တဲ့သောကြာနေ့ကစလွှင့်ခဲ့ပြီး“ထောင်ထဲမှာ ပြစ်ဒဏ် ကျခံစဉ်ကာလအတွင်းမှာ ကျွန်တော့ ပရိသတ်တွေကို ကျွန်တော်မြတ်နိုး ကြောင်းသိစေလိုပါတယ်။
ကျွန်တော့ဆီရောက်လာတဲ့ မေးလ်တွေ အား လုံးကို ကျွန်တော် ကြိုဆိုပါတယ်။ ပြီးတော့ ကျေးဇူးလည်းတင်ပါတယ်” လို့ ၀ိန်းက ရေးသား ဖော်ပြထားပါတယ်။
ထောင်ထဲမ၀င်ခင် မတ်လ ၈ရက်နေ့ကတွစ်တာဝက်ဘ်ဆိုက်မှာ
ပရိသတ် တွေနဲ့ မိတ်ဆွေတွေဆီ နှုတ်ဆက်စကားရေးသားခဲ့ပြီး ကတည်းက ဒီဖော်ပြချက်ဟာ ၀ိန်းနဲ့သူ့ရဲ့ပရိသတ်တွေကိုပထမဦးဆုံး ဆက်သွယ်ခြင်းပဲဖြစ်ပါတယ်။
"ထောင်ထဲမှာ အချိန်တွေကုန်လွယ်ရအောင် ကျွန်တော်ကာယလေ့ကျင့် ခန်းတွေအများကြီးလုပ်ပါတယ်။ သမ္မာကျမ်းစာကိုလည်း နေ့တိုင်း ဖတ်ပါတယ်။ ဘုရားသခင်က အမြဲတမ်းရှိပါတယ်။ သူတို့ ကျွန်တော့ကို ထောင်ထဲမှာ ချုပ်ထားလို့ရပေမယ့် ကျွန်တော့ရဲ့ စိတ်ဓာတ်နဲ့ မေတ္တာကိုတော့ ထောင်နံရံနောက်မှာ ပိတ် လှောင်ထားလို့ မရပါဘူး" လို့လည်း ၀ိန်းက သူ့ရဲ့ ၀က်ဘ်ဆိုက်မှာ ဖော်ပြ ထားပါတယ်။

No comments:

Post a Comment