Fire
Cracker (ဗျောက်အိုး)ရဲ့ အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ Rapper ဘိုလေးကိုတော့
ပရိသတ်တွေ သိပြီး သား ဖြစ်မှာပါ။ သူက Rap ရေးတာ ဆိုတာတင် ကောင်းတာမဟုတ်ဘူး၊
မိန်းကလေး အဆိုတော်တွေ အတွက် R&B သီချင်း ကောင်းလေးတွေ
ရေးပေးတတ်သေးရဲ့။ အဲဒီဘိုလေးကလည်း Hip Hop ရေစီးရဲ့ ကနဦး အဖွဲ့ဖြစ်တဲ့ Acid
ကို ခိုက်တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့်….Acidရဲ့ “စတင်ခြင်း” အယ်လ်ဘမ်ဟာ ဒီနေ့ curren မှာ ရပ်တည်နေတဲ့ ဘိုလေးတို့ကို ဘယ် အတိုင်းအတာအထိ အကျိုးပြုခဲ့သလဲ။
Acid ဆိုတာက ကျွန်တော်တို့ မြန်မာပြည်က Hip Hop အတွက် ပထမဦး ဆုံး လမ်းစ ဖောက်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ပါ။ အခုနောက်ပိုင်း Generation တွေကတော့ မပြောတတ်ဘူးဗျ။ ကျွန်တော်တို့ နောက် Third Generation လောက်ထိကို သူတို့က အရမ်းအရေးပါခဲ့တာ ပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့က မြန်မာပြည်မှာ ပထမဆုံး Hip Hop ကို စလုပ်တာဆိုတော့ Respect ပေးရမှာပါ။ သူတို့က Hip Hop ဆိုတာ ဘာလဲလို့ မြန်မာလူမျိုးတွေ အကုန်လုံး သိအောင် ဦးဦးဖျားဖျား သင်ပြခဲ့တယ်လို့ ပြော ရင်ရတယ်။ သူတို့လုပ်ပြီး နောက်ပိုင်းကလိုက် လုပ်လာ ကြတဲ့ လူတွေအနေနဲ့ကတော့ တစ်ဆင့် နားလည်ပြီးသားလို ဖြစ်သွားတယ်။ သူတို့က စစလုပ်ချင်းမှာလည်း အရမ်းအောင်မြင်တယ်။ ပြီးရင် သူတို့ရဲ့စာသားတွေကလည်း အခု ချိန်ထိကို ကျွန်တော်တို့နဲ့ တူကိုမတူဘူးဗျ။ ကျွန် တော်တို့ရေးပေါက်တွေနဲ့ သူတို့တွေးတဲ့ အတွေး အခေါ်တွေက ကွာကိုကွာနေတယ်။ သူတို့က ကျွန်တော်တို့ထက် ပိုပြီး လူကြီး ဆန် တယ်လို့ ပြောရမယ်။
သူတို့အဖွဲ့ရဲ့ကြားထဲမှာ ပြောင်းလဲသွားတဲ့ အပြောင်းအလဲကို ဘိုလေးအနေနဲ့ ဘယ်လို မြင်လဲ။
“စတင်ခြင်း”အခွေထွက်ပြီး ကြား ထဲမှာ “ဘဝဘဝ”တွေ ဘာတွေပဲ ထွက်ပြီး နောက်ပိုင်းမှာ Acid အနေနဲ့ ထပ်မထွက်လာတော့ဘူး။ ရန်ရန်ချမ်းနဲ့ ဇေယျသော် ထွက်လာတာရှိမယ်။ Taste တော့ ပြောင်းသွားတယ်။ ခေတ်ကလည်း ပြောင်းလာတော့ ပုံစံတွေလည်း နည်းနည်း changes လေးတွေဖြစ်လာတယ်။ ကိုတွိ(အနဂ္ဂ) ဆိုရင်လည်း အဲဒီတုန်း Trend တစ်မျိုး ဘက်ကို သွားနေတယ်။ အခုဆို ရင်လည်း သူနောက်ထပ် ပုံစံတစ်ခုကို သွားနေတာပဲလေ။
အခုချိန်မှာ “စတင်ခြင်း”တုန်းကလိုမျိုး ပြန်စုစည်းမယ်ဆိုရင် ဘယ့်နှယ်နေမလဲ။
အဲဒီတုန်းကလိုမျိုး အကုန်လုံး စည်းစည်း လုံးလုံး ပြန်ဖြစ်ကြမယ်ဆိုရင်တော့ ပျော်စရာကြီး နေမှာပဲ။ အတိုင်းထက်အလွန်ပေါ့ဗျာ။ အခုဆိုရင် Rapper တွေ အကုန်လုံးက စည်းစည်း လုံးလုံး ရှိကြတယ်။ သူတို့လည်း ပြန်စည်းလုံးမယ် ဆိုရင်တော့ သူတို့ဆီက အသစ်တစ်ခု ဘာထပ်ထွက်လာမလဲ ပေါ့။ အဲဒီလိုဆိုရင် ကျွန်တော်တို့လည်း နားထောင် ခွင့်ရမှာပေါ့လေ။
တကယ်လို့များ Acid က သူတို့နဲ့ တွဲဆိုဖို့ ဘိုလေးကို ကမ်းလှမ်းလာခဲ့ရင် ဆိုမှာလား။
အာ ဒီလိုမျိုး Acid ကြီးတွေနဲ့ ပေါင်း လုပ်ရမှာပဲ။ ကမ်းလှမ်းလာရင် လုပ်မှာပေါ့။
ဘိုလေးရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုတွေကို ပရိသတ်တွေ သိရအောင် ပြောပေးပါဦး။
ကျွန်တော် အခု လောလောဆယ် ပြီးခဲ့တဲ့ February က 9 Night 2 Happy Birthday ဆိုတဲ့ အခွေ ထွက်ထားတယ်။ အဲဒီအတွဲခွေက ဗီစီဒီထွက်ဖို့ရှိတယ်။ ပြီးရင် ကျွန်တော်ရယ်၊ ဂျေမီ ရယ်၊ ချစ်စိုးရယ်၊ ချမ်းအေးဝင်းရယ် ပေါင်း ပြီးတော့ Chill Section ဆိုပြီးလုပ်နေတာ တော်တော်လေးပြီး နေပြီ။ အဲဒီခွေကို ကျွန်တော်တို့ ဒီနှစ်ထဲမှာ ထွက်နိုင်အောင် ကြိုးစား နေကြတယ်။ ပြီးတော့ ကိုဂျေဂျေလုပ်ပြီး မထွက်သေး တဲ့ Hip Hop Acoustic ထွက်ဖို့ ကိုဂျေကို မြန်မြန်လေး လောနေတယ်။ နောက် သူများတွေအတွက်လည်း သီချင်း တွေ ရေးပေး ဖြစ်နေတယ်။


No comments:
Post a Comment