ကောင်မလေးတစ်ယောက်နဲ့  ကောင်လေးတစ်ယောက်အကြောင်း
ကောင်လေးကတော့ ငါ ကောင်မလေးကတော့မင်း
မင်းနဲ့ ငါနဲ့  ငါနဲ့ မင်းနဲ့ 
မင်းပြောခဲ့တဲ့ နှစ်လွာပေါင်းတဲ့  စွယ်တော် ရွက်တွေလည်းကြွေကုန်ပြီ
မင်းပြောသလိုငါ့အသည်း နဲ့  နင့် အသည်း စွယ်တော်လိုမပေါင်းနိုင်တာ
ငါမကောင်းလို့ မဟုတ်သလို မင်းလည်းမကောင်းတာမှမဟုတ်တာ
ချစ်နေကြပြီဝေးခဲ့ ရတဲ့ ချစ်သူတွေအများကြီးပါပဲကွာ
မုန်းတယ်လို့ မပြောပါဘူး မင်းကို
နာလည်ပေးပါနော်
မောင်မောင်တိုး
ရင်တွင်းဖြစ်
ကာရံမဲ့


No comments:
Post a Comment