Photobucketကျွန်တော့်ဘလော့မှတင်ပြီးသမျှကြည့်ရန်နှိပ်ပါ»» Blogger Widgets

မောင်မောင်တိုး(တောင်ကြီး-အေးသာယာ)

Wednesday, January 16, 2013

*****ဟစ်ဟော့ဂီတ*****

ဟစ်ဟော့ ဂီတ (Hip hop music) သည် ၁၉၇၀ ခုနှစ်လောက်က နယူးယောက်မြို့ရှိ အာဖရိကန်-အမေရိကန် များအစပြုခဲ့သော ယဉ်ကျေးမှု လှုပ်ရှားမူ့တစ်ရပ် ဖြစ်သည်။ ဟစ်ဟော့ ယဉ်ကျေးမူ့တွင် အဓိကအစိတ်အပိုင်း လေးမျိုး ပါဝင်ပြီး၊ ၎င်းတို့မှာ
  • rapping (သီချင်းစာသားများအား ကာရံနှင့်အညီရွတ်ဆိုခြင်း)
  • DJing ( ဓါတ်ပြားများအား ပွတ်ခြင်း၊ခေတ္တရပ်အောင်လုပ်ခြင်းဖြင့် ဆန်းပြားသောအသံများထွက်လာစေခြင်း)
  • graffiti (နံရံဆေးရေးပန်းချီတစ်မျိုး) နှင့်
  • b-boying (ဘရိတ်ဒန့်(စ်)အက)
တို့ပါဝင်သည်။ အခြား အစိတ်အပိုင်းများအဖြစ် Beatboxing (ပါးစပ်ဖြင့် စည်းချက်များပြုလုပ်ခြင်း) Fashion (၀တ်စားဆင်ယင်မူ့ ပုံစံ) နှင့် Slang (ဗန်းစကားများ အသုံးပြုခြင်း) တို့လည်းပါဝင်သည်။ ပထမဆုံးအကြိမ် Bronx နယ်မြေ တွင် ကျင်းပအစပြုရာမှ ဟစ်ဟော့ ယဉ်ကျေးမူ့သည် ကမ္ဘာအနှံ့ ကျယ်ပြန့်သွားခဲ့သည်။
ဟစ်ဟော့ဂီတသည် DJs(Disc Jockey) များက Turntables ဟုခေါ်သော ဓါတ်ပြားဖွင့်စက်နှစ်လုံးနှင့် စည်းချက်ညီသော ရိုက်ချက်သံများ ထွက်လာအောင် ဖန်တီးခြင်းဖြင့်စတင်ခဲ့သည်။ နောက်ပိုင်း ထိုရိုက်ချက်များပေါ်တွင် Rap ဟုခေါ်သော ကာရံညီအောင် ရွတ်ဆိုသွားသည့် တေးစာသားများကို ထည့်သွင်း ပေါင်းစပ်ခဲ့သည်။ ထိုကဲ့သို့ရွတ်ဆိုခြင်းကို rapping ဟုခေါ်ကာ သီဆိုသူများကို rapper ဟုသုံးနှုန်းသည်။ နောက်ပိုင်းတွင် သီဆိုသူRapper များကို MC ဟုလည်းခေါ်ကြသည်။ ဆန်းကြယ်သော အကပုံစံများနှင့် သီးခြားဝတ်စားဆင်ယင် ပုံစံမျိုးသည် ထိုဂီတသစ်ကို ကြိုက်နှစ်သက်သော လူများကြားတွင် ခေတ်စားလာသည်။ ထိုဝတ်စားဆင်ယင်ပုံစံ များသည် ယဉ်ကျေးမူ့သမိုင်းတွင် ဟစ်ဟော့ ယဉ်ကျေးမူ့ကို အသိမှတ်ပြု လာရအောင် လွှမ်းမိုးလာခဲ့သည်။

ဟစ်ဟော့ပ်ဂီတသည် မြန်မာနိုင်ငံ၏ ဂီတသမိုင်းတွင် ရော့ခ်အင်ရိုး ခေါ် ရော့ခ်ဂီတပြီးလျှင် မြန်မာလူငယ်များကို စွဲဆောင်မှုအရှိဆုံး ဂီတဖြစ်ခဲ့သည်။ ထိုဂီတကိုသာ လူငယ်များက နှစ်ခြိုက်ရုံသာမက ထိုဂီတနယ်ပယ်မှ အဆိုတော်များဖြစ်သည့် ရက်ပါများ ဝတ်ဆင်ကြပုံကိုမှာလည်း ခေတ်လူငယ်များအတွက် အကြိုက်တွေ့စရာ ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံတွင် rap ဂီတကို မျိုးကျော့မြိုင် မှအစပြုသီဆိုခဲ့သော်လည်း ဟစ်ဟော့ဂီတအဖြစ်ပီပီပြင်ပြင် ပေါ်ပေါက်လာခြင်း မရှိခဲ့ပေ။ မြန်မာနိုင်ငံ၏ပထမဆုံးဟစ်ဟော့ အယ်လဘမ်အဖြစ် အက်စစ်အဖွဲ့ ၏ စတင်ခြင်း အခွေ ၂၀၀၀ ခုနှစ်တွင် ထွက်လာခဲ့သည်။ ထိုနောက်ပိုင်းတွင် ဟစ်ဟော့ဂီတသည် မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ပေါ်ပြူလာ ဖြစ်နေသော ဂီတအမျိုးအစားဖြစ်လာသည်။ မြန်မာနိုင်ငံတွင် တခြားသော ဟစ်ဟော့ယဉ်ကျေးမူ့များထက် fashion နှင့် rapping တို့ကို လူငယ်များပိုကြိုက်နှစ်သက်ကြသည်။ ယနေ့ မြန်မာဂီတလောကမှာ Hip Hop နဲ့ ထိပ်ဆုံးကို ရောက်ရှိနေကြသူတွေကတော့ စိုင်းစိုင်းခမ်းလှိုင်၊ အနဂ္ဂ၊ ဘာဘူ၊ ဂျေးမီ၊ ထွန်းထွန်း၊ ရဲလေးတို့ ဖြစ်ကြသည်။


ခုခုခု  နောက်ပိုင်းမှာတော့......လွမ်းပိုင်..ဂျောက်ဂျက်.....ကျော်ကြီး.....အချုပ်အားဖြစ်ရော့စတာဖန်မနီ
ဖြစ်ပါတယ်.....

မြန်မာပြည်Hip Hop  ပေါက်ချက်ကတော့ လီးဝန်းတောင်စောက်ခွပ်ရိုက်လို့ ရတယ်

No comments:

Post a Comment