မျက်နှာချင်းဆိုင် တလွဲ”
ဟိုး..ဝေးဝေး
တစ်နေရာမှာ
မင်းပျော်နေမလား........
ဇာတ်သိမ်းခန်းမဲ့တဲ့ဇာတ်
အစတည်းက
မရေးစပ်ခဲ့ရင်ပေါ့............
ညရဲ့တဒင်္ဂ....
မှိန်ဖျော့ဖျော့
ကောင်းကင်မှာ
ကြယ်အချို့ လင်းလက်...
အိမ်ရှေ့ ကွပ်ပျစ်ထက်
သစ်ရွက်တွေကြား
ခိုတွဲနေတဲ့
နှင်းစက်အချို့...........
လေအဝှေ့မှာ ငါ့မျက်နှာပေါ်
ကြွေ
...ကျ.....
တို့နှစ်ယောက်ရဲ့ကံက
မြှားပစ်ရာ လှံအဆစ်ပါခဲ့တော့
တစ်ဆွေ့မခုန်
တစ်တောင်မကျော်ရုံပေါ့
နေသာမှ
မိုးတားရင်လည်း
ပူလောင်မှုတွေကြား
ရွှဲနစ်ရုံပဲလေ......
ဟိုးဝေးဝေး
တစ်နေရာမှာ
မင်းပျော်ရွှင်ပါစေ...
တန်ဖိုးဖြတ်မရတဲ့ တန်ဖိုးမဲ့
ကဗျာတွေ
တစ်ခုပ်တရ ရေတွားရင်း
ငါ့အတွက် ငါတော့..
အဓိပ္မာယ်
မဲ့နေခဲ့ပြီ
ချစ်သူ............
သက္ကတလွန်(17.1.2013.9း06.pm)
No comments:
Post a Comment